စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး နိကာယ်စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်/ သီလရှင်များအား ကြည့်ရှုအားပေးကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး နိကာယ်စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်/ သီလရှင်များအား ကြည့်ရှုအားပေးကြည်ညို

 

MNP - ဇွန်   ၁၁


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ(၁)နာရီက စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ကျောင်းတိုက်အတွင်း နိကာယ်စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်/ သီလရှင်များအား သွားရောက်၍ လှည့်လည်ကြည့်ရှုအားပေး ကြည်ညိုခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် (IBEC) ကျောင်းတိုက် ပဓာနနာယကဆရာတော်အား ဖူးမြော်ကြည်ညိုရာ ဆရာတော်က ပြီးခဲ့လပိုင်းက အစိုးရဓမ္ဓာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုပြီးစီးမှု အခြေအေနေ၊ ယခုနိကာယ်စားမေးပွဲ ဖြေဆိုနေမှုအခြေအနေနှင့် (IBEC) ဘုန်းတော်ကြီးသင် ပညာရေးအခြေအနေများကို ရှင်းလင်းမြွတ်ကြားပေးပြီး ဆရာတော်နှင့်အတူ နိကာယ်စာမေးပွဲဖြေဆိုနေကြသည့် ဆရာတော်/ သီလရှင်များအား ကြည့်ရှု အားပေး ကြည်ညိုခဲ့ကြကာ ပရိယတ္တိသာသနာတော်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီးက နိကာယ်စာမေးပွဲ အထူးကြီးကြပ်ရေး(ဥက္ကဋ္ဌ)ဆရာတော်များထံ ဆက်ကပ်လှူဒါန်းပေးခဲ့သည်။


နိယာစားမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ(၁၁)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ပြီး စာမေးပွဲ ဖြေဆိုတော်မူရာတွင် ဆရာတော်(၁၄၇၇)ပါး၊ သီလရှင်ဆရာလေး/ ဆရာကြီး(၉၅၈)ပါး၊ စုစုပေါင်း (၂၄၃၅)ပါး ဖြေဆိုတော်မူခဲ့ကြကြောင်း ခရိုင်သာသနာရေးဦးစီးဌာန၊ စာရင်များအရသိရသည်။


သတင်း - ဇော်မြင့်နိုင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)