MNP - ဇွန် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း မွန်ပြည်နယ် မုဒုံမြို့တွင် ယနေ့နံနက် ၉ နာရီက အခြေခံ ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်ဗိုလ်ကျော်က သင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးသူနာပြုစုခြင်းအကြောင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အခြေခံ အသက်ကယ် အထောက်အကူပြုနည်းနှင့် ပတ်တီးစီးနည်း စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ခြောက်ဦးက သင်တန်းသူ (၃၅)ဦးအား သုံးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်မျိုးသ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment