MNP - ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီရိုင်၊ မင်းလှမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းကို လက်ပံရေကျော် အုပ်စု၊ ရေကျော်ကျေးရွာ တောင်သူ ဦးစိုးမြင့်ပိုင် ယာမြေတစ်ဧက၌ တိရစ္ဆာန်အစာပင် (နေဗီယာမြက်) သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ် ခဲ့သည်။
တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသီဟကျော်ဇော်ဦးနှင့် ဝန်ထမ်းများ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများက တိရစ္ဆာန်အစာပင် (နေဗီယာမြက်) သရုပ်ပြစိုက်ပျိုးခဲ့ကြပြီး နေဗီယာမြက်စိုက်ပျိုးထုတ်လုပ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
တိရစ္ဆာန်အစာပင် (နေဗီယာမြက်) သည် ကျွဲ/နွားများ သိုး၊ ဆိတ်နှင့် ကြက်၊ ဘဲ၊ ဝက်တို့ကို ကျွေးနိုင်သော မြက်အမျိုးအစားဖြစ်ပြီး အာဟာရ တန်ဖိုးမြင့်မားပြီး၊ ကြီးထွားနှုန်း ကောင်းမွန်စေရန်နှင့် တောင်သူများ စိတ်ပါဝင်စားစွာ လိုက်ပါစိုက်ပျိုးနိုင်စေရန်နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သတင်း - ပေါက်စ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment