လက်ထောက်မူလတန်းပြဆရာ၊ဆရာမများ၏ လုပ်ငန်းခွင်အကြို ရက်တို သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ထောက်မူလတန်းပြဆရာ၊ဆရာမများ၏ လုပ်ငန်းခွင်အကြို ရက်တို သင်တန်းဖွင့်ပွဲကျင်းပ

 


MNP -  ဇွန်   ၄


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်ထောက်မူလတန်းပြ ဆရာ၊ဆရာမများ၏ လုပ်ငန်းခွင် အကြိုရက်တိုသင်တန်းကို ယနေ့ နံနက် ၈း၀၀နာရီက  မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က ပညာရေးဝန်ထမ်း ဘဝအစကို စတင်ဝင်ရောက်လာကြတဲ့ ဆရာ၊ဆရာမလေးတွေကို ပညာရေးဌာနမှ ကြိုဆိုပါကြောင်း၊ ပညာရေး လုပ်ငန်းခွင်ကို ဝင်ရောက်လာတဲ့အခါမှာ သိသင့်သိထိုက်သည်များကို ရက်တို သင်တန်းတွင် ထိရောက်စွာသင်ကြားပေးမည် ဖြစ်ပါကြောင်း၊ ပညာရေးလောကကို ဝင်ရောက်လာလျှင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို အရင်သိအောင် ကြိုးစားအားထုတ်ရမည် ဖြစ်ကြောင်း၊ ဆရာဖြစ်လာသည့်အခါ နာသုံးနာကို လက်ကိုင်ထားရမည်ဖြစ်ကြောင်းနှင့် အနာဂတ်ပညာရေး ကောင်းမွန်အောင် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့ပူးပေါင်း၍ လုပ်ငန်းခွင်အကြို ရက်တိုတစ်ပတ် သင်တန်းကို ရန်ကင်းမြို့နယ်မှ သင်တန်းသား/သူ ၃ ဦး၊ တောင်ဥက္ကလာပမြို့နယ်မှ သင်တန်းသား/သူ ၄ ဦး၊ နည်းပြ ၄ ဦး၊ TEO ၂ ဦး၊ စုစုပေါင်း(၁၃ )ဦးဖြင့် ၄.၆.၂၀၂၂ ရက်နေ့မှ ၁၀.၆.၂၀၂၂ ရက်နေ့အထိ တစ်ပတ်တိတိ ဖွင့်လှစ်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - အိရွှေစင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)