အင်္ဂပူမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

 


MNP - ဇွန်   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဇေယျသုခကျောင်းတိုက်ဆရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တရဝတဓမ္မ အမှူးပြုသော သံဃာတော် အရှင်မြတ်သူများအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပန်းခင်းစီမံချက်နှင့် e-ID လုပ်ငန်းဖြစ်သော Excel-Format ဖြင့် နိုင်(၄) ရိုက်သွင်းခြင်းလုပ်ငန်းတွင် သတ်မှတ်ရက်မတိုင်မီ Upload တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


သတင်း - မန်းကျော


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)