စဉ့်ကူးမြို့တွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သံဃနာယကကျောင်းဆောင် ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့တွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သံဃနာယကကျောင်းဆောင် ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားကျင်းပ





MNP ၊ ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သံဃ နာယကကျောင်းဆောင်သစ် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၇)နာရီက စဉ့်ကူးမြို့သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် စဉ့်ကူးမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ လက္ခဏာစာရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃနာယကကျောင်းဆောင်သစ် အလှူရှင်များ ဖြစ်သည့် စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကံတောင်ကျေးရွာနေ ဦးဇော်မျိုးထွန်း+ဒေါ်ဝေဝေစန်း မိသားစုက သံဃာ့နာယက ကျောင်းဆောင်သစ်အား ရေစက်သွန်းချလှူဒါန်းခဲ့ကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ကျောင်းဆောင်သစ် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ သံဃနာယက ကျောင်းဆောင်သစ်အား စဉ့်ကူးမြို့နယ်အတွင်း ဘာသာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပနိုင်ရန် အလှူရှင် ဦးဇော်မျိူးထွန်း+ဒေါ်ဝေဝေဆန်း မိသားစု၏ လှူဒါန်းငွေများဖြင့် စဉ့်ကူးမြို့သာသာနာ့ဗိမာန်တော်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ကျောင်းဆောင်သစ်၏ လှူဒါန်းမှူ တန်ဖိုးငွေမှာ ကျပ်သိန်း (၃၆၀) ကျော်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)