တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား/အမျိုးသမီး ဘော်လီဘော၊ ဘိလိယက်နှစ်စနူကာ၊ ဘတ်စကတ်ဘောပြိုင်ပွဲများကို ရှမ်းပြည်နယ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား/အမျိုးသမီး ဘော်လီဘော၊ ဘိလိယက်နှစ်စနူကာ၊ ဘတ်စကတ်ဘောပြိုင်ပွဲများကို ရှမ်းပြည်နယ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

 






MNP - ဇွန်   ၉


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား/အမျိုးသမီး ဘော်လီဘော၊ ဘိလိယက်နှစ်စနူကာ၊ ဘတ်စကတ်ဘောပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်သည်။


အစည်းဝေးတွင် ရှမ်းပြည်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်တွင် အိမ်ရှင်အဖြစ် ၂၀၁၄ ခုနှစ်တွင်လည်း ကောင်း၊ ၂၀၁၈ ခုနှစ်တွင်လည်းကောင်း နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုကျင်းပမည့်ပြိုင်ပွဲသည် တတိယအကြိမ်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်ဘောလီဘော၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့် အနူကာပြိုင်ပွဲများကို ရှမ်းပြည်နယ်ရှိ ပြည်သူများကြည့်ရှုအားပေးနိုင်စေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာရှိသည့် ကစားသမားအသီးသီး၏ မတူကွဲပြားတဲ့ကစားပုံ၊ကစားဟန်များကို လေ့လာနိုင်စေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည့်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ဒေသအသီးသီးမှ ပြိုင်ပွဲဝင်များအနေဖြင့် ရှမ်းပြည်နယ်၏ ယဉ်ကျေးမှုဓလေ့စရိုက်၊ ဒေသန္တရဗဟုသုတများ လေ့လာခွင့်ရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သဖြင့် ပြိုင်ပွဲများ အောင်မြင်စွာနှင့်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးကော်မတီအသီးသီးမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။


ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(၂) ဦးကျော်ဆန်းဦးက အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက ပြိုင်ပွဲနှင့်စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြပြီး ဆပ်ကော်မတီအသီးသီးမှ လိုအပ်ချက်များကို အကြံပြုဆွေးနွေးကြရာ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။


အဆိုပါပြိုင်ပွဲများအနက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကို ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့တွင် ၂၀၂၂ ခုနှစ်၊  ဇွန်လ  ၁၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ လည်းကောင်း၊ ဘတ်စကတ်ဘောပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောင်ပိုင်း)လားရှိုးမြို့တွင် ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိလည်းကောင်း၊ အမျိုးသား/အမျိုးသမီး ဘိလိယက်စနူကာပြိုင်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့တွင် စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့ထိလည်းကောင်း အသီးသီးကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့ထိ ဘော်လီဘောပြိုင်ပွဲအတွက် အမျိုးသားအသင်း(၁၅)သင်း၊ အမျိုးသမီးအသင်း(၁၃)သင်း၊ ဘတ်စကတ်ဘောပြိုင်ပွဲအတွက် အမျိုးသားအသင်း (၁၃)သင်း၊ အမျိုးသမီးအသင်း(၁၂)သင်း၊ ဘိလိယက်စနူကာပြိုင်ပွဲအတွက် အမျိုးသားအသင်း(၁၃)သင်း၊ အမျိုးသမီးအသင်း(၉)သင်း စာရင်းပေးသွင်းထားကြောင်း သိရှိရသည်။


သတင်း - စိုင်းသန်းကျော


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)