ဝမ်းတွင်းမြို့တွင် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့တွင် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

 


MNP - ဇွန်   ၁၈


မန္တလေးတိုင်းဒေကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင်၂၀၂၂ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က ဝမ်းတွင်းမြို့ အဝင် ရန်ကုန်-မန္တလေးကားလမ်းဘေးဝဲယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးရာသီအကြိုလူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ဆောင်ရွက်ရခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး၊ သစ်တောသစ်ပင်များကို အလေးထားတက်စေရန်၊ စိမ်းလန်းစိုပြေသာယာဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့စသည့် ရည်ရွယ်ချက်များဖြင့်ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။


 အဆိုပါ မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦး၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့် ရောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များက တက်ရောက်ကာ တမာမျိုး(၁၀၀)ပင်၊ စိန်ပန်းမျိုး(၁၀၀)ပင်၊ သစ်မျိုးပျိုးပင်(၂၀၀)ကျော်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - ရဲမျိူးသက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)