သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်နှင့် ပဲဆီများဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်နှင့် ပဲဆီများဆက်ကပ်လှူဒါန်း

 


MNP - ဇွန်   ၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများမှ ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့်သီလရှင်များဆွမ်းကိစ္စရပ်များ အခက်အခဲမရှိစေရန် ရည်ရွယ်၍ ဆွမ်းဆန်တော်နှင့် ပဲဆီများလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက သီပေါမြို့နယ် ရွှေကျောင်းရပ်ကွက်ရှိ ရွှေကျောင်းဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။    


ထိုသို့သွားရောက်လှူဒါန်းရာတွင် ဆန်(၄)အိတ်၊ ပဲဆီ(၁)ပုံးတို့ကိုပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့၊ ဦးစီးဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများက ဆပ်ကပ်လှူဒါန်းခဲ့ရာ ကျောင်းထိုင်ဆရာတော် မှလက်ခံရယူခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ သီပေါမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့လစဉ် အလှည့်ကျသွားရောက် လှူဒါန်းသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


သတင်း- ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)