MNP - ဇွန် ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာအနီးရှိ ကျေးရွာအနီးရှိ ဇီးဖြူကုန်းရေတံခါး တည်ဆောက်ထားသည့်အတွက်ကြောင့် မိုးရာသီတွင် တွံတေးတူးမြောင်းအတွင်း ဒီရေတက်ချိန် ပြင်ပရေများ ဇီးဖြူကုန်းကျေးရွာအနီးတဝိုက်ရှိ ကျေးရွာနေဒေသခံပြည်သူများ၏ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးလျက်ရှိကြောင်း သိရသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဇီးဖြူကုန်း ရေတံခါးအမျိုးအစားမှာ သံကူကွန်ကရစ် ရေတံခါး ၆ပေ×၁၂ပေ (၇)ပေါက်ကို (၁.၁.၁၉၉၈) ခုနှစ်က စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၃၁.၇.၁၉၉၈) ခုနှစ်တွင် စီမံကိန်းပြီးစီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
အဆိုပါ ရေတံခါးတည်ဆောက်ရခြင်းမှာ မိုးရာသီတွင် တွံတေးတူးမြောင်းအတွင်း ဒီရေတက်ချိန် ပြင်ပရေများကို ကွင်းအတွင်း ဝင်ရောက်ခြင်းမှ တားဆီးပေးခြင်းဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ရွှေမယင်းကွင်းဒေသအတွင်းရှိ လယ်ယာမြေဧက (၇၅၀၀) ကျော်ကို ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေး၊ မိုးနှောင်းကာလတွင် ရေချိုများ သိုလှောင်ထိန်းသိမ်းပြီး မိုးစပါးအောင်ရေများ ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဆောင်းသီးနှံများအတွက် အစိုဓာတ်ထိန်သိမ်းနိုင်ရေး၊ နွေရာသီတွင် ဆောင်းသီးနှံနှင့် နွေစပါးများ ပိုမိုစိုက်ပျိုးနိုင်စေရေးအတွက် တွံတေးတူးမြောင်းအတွင်း ရေငန်မထိုးမီ ရေချိုကို လုံလောက်စွာ ပေးသွင်းနိုင်ရေး၊ နွေရာသီတွင် ပင်လယ်ဆားငန်ရေနှင့် သဲနုန်းများ ကွင်းအတွင်းသို့ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးခြင်းဖြင့် လယ်ယာမြေများ အငန်ဓာတ်ပေါက်ခြင်းနှင့် ချောင်းများတိမ်ကောမှုကို တားဆီးပေးနိုင်ရေး ရည်ရွယ်၍ ဇီးဖြူကုန်းရေတံခါးကို ဒေသခံပြည်သူများအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဇီးဖြူကုန်းရေတံခါးကို တည်ဆောက်ပေးခဲ့ရာတွင် ဒေသအတွင်းမှ ပြည်သူများ ဒေသထုတ်ကုန်များ အချိန်နှင့်တစ်ပြေးညီ ဈေးကွက်ရောက်ရှိစေရေးအတွက် ရေယာဉ်အဝင်/အထွတ် တံခါးမှ အတွင်း၊အပြင် ရေထိန်းညှိပေးကာ ပဲ့ထောင်စက်လှေများကို အဝင်အထွတ်ပြုပြုလုပ်ပေးလျက်ရှိကြောင်းလည်း သိရှိရသည်။
တွံတေးမြို့နယ်၊ ရွှေမယင်းဒေသတောင်ပိုင်း ဇီးဖြူကုန်းချောင်း ပတ်ဝန်ကျင်ရှိ ရေလျှံကွင်းများမှ ကွင်းရေကိုကောင်းစွာ ထုတ်နုတ်နိုင်သည့်အပြင် လယ်ယာမြေဧက(၇၅၀၀) ကျော်အား မိုးရာသီ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ခဲ့ပြီး နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် ရေလျိုထိန်သိမ်းနိုင်ခဲ့ရာ ဒေသရှိ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးများမှာ ပိုမိုဖြစ်ထွန်းအောင်မြင်လာပြီးဖြစ်သည်။ ယင်းဇီးဖြူကုန်းရေတံခါးသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုပေးနေသည့် ရေတံခါးတစ်ခုဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
သတင်း - မျိုးလှိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment