တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ



MNP ၊ ဇွန် ၁

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများရှိဒေသခံပြည်သူများ အား မေလ(၄)ရက်မှ(၃၁)ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံ တံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီး များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ အထူး ကုဆေးအဖွဲ့များသည် ကိုကိုးကျွန်းမြို့နယ်အနီးတစ်ဝိုက်ဒေသများနှင့်တနင်္သာရီ ကမ်းရိုးတန်းဒေသများဖြစ်သော ကျွန်းစု၊ စခန်းသစ်၊ ဝဲကျွန်း၊ ပြင်စဘုကျွန်း၊ ပုလဲကျွန်း၊ ဝါးကျွန်း၊ ဇာဒက်ကြီးကျွန်း၊ ဂျလန်းကျွန်းနှင့် မွန်ပြည်နယ်၊ ရေးမြို့ နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားကုတ်ကျွန်းအပေါ် ဆိပ်ကျေးရွာတို့ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ(၂၅၄၄)ဦး၊ ခွဲစိတ်ရောဂါ(၈၆၅)ဦး၊ သားဖွားမီးယပ် ရောဂါ(၈၂၄)ဦး၊ ကလေးရောဂါ(၈၂၂)ဦး၊ အရိုးရောဂါ(၇၆၃)ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ(၆၈၅)ဦး၊ မျက်စိရောဂါ(၈၀၃)ဦးနှင့် သွားရောဂါ(၇၃၉)ဦး စုစုပေါင်း ဒေသခံပြည်သူ(၈၀၄၅)ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ(၁၂၂)ဦးနှင့် အထွေ ထွေခွဲစိတ်လူနာ(၂၅၀)ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ(၅၈၂)ဦး၊ Ultrasound ရိုက်လူနာ (၅၆၃)ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ(၁၅၉၉)ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ (၇၅၄)ဦးနှင့် ကွန်ပျူတာဓာတ်မှန်ရိုက်လူနာ(၃၃)ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခြင်းများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိသားဖွားခန်း၌ ကိုယ်ဝန် ဆောင်မိခင်လေးဦးအား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပါသည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ပြန်လည် ရောက်ရှိလာသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ဝင်များအား တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုပေးအပ် ချီးမြှင့်သော လက်ဆောင်ပစ္စည်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဗိုလ်ချုပ် ထိန်ဝင်း က ပေးအပ်ခဲ့ပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ ယခုခရီးစဉ်သည် (၁၃) ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း(၁၁၂၅၀၀)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်(၁၆)ဦးတို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)