ဝမ်းတွင်းမြို့တွင် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့တွင် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

 


MNP - ဇွန်  ၂၆


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ဝမ်းတွင်း(၁)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားကောက်နုတ်ချက်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲ ခြင်းဖြင့် စိတ်ကျရောဂါဖြစ်ခြင်း၊ မိမိကိုယ်မိမိသေကြောင်းကြံခြင်း၊စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်များချို့ယွင်းခြင်း၊ မိသားစုစိတ်ဓာတ်လျော့နည်းလာခြင်း၊ လိင်စိတ်အားနည်းခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင့်ကျမှုဖြစ်ခြင်းစသည့်ဆိုးကျိုးများအပြင် မူးယစ်ဆေးသုံးစွဲမှုကြောင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများအကြောင်း၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ် သိကောင်းစရာများ၊ မူးယစ်ဆေးဝါးပြသာနာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်းပါးများ ပါဝင်ကြောင်း သိရသည်။


သတင်း -ဌေးလှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)