မူဆယ်မြို့ အ.ထ.က(၁)ကျောင်းတွင် လူမှောင်ခိုနှင့်လူကုန်ကူးမှုဆိုင်ရာစာပေအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့ အ.ထ.က(၁)ကျောင်းတွင် လူမှောင်ခိုနှင့်လူကုန်ကူးမှုဆိုင်ရာစာပေအသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP - ဇွန်   ၂၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို  အ.ထ.က(၁)ကျောင်း၌ ယနေ့ မွန်းလွှဲ  ၁ နာရီခွဲ အချိန်က လူမှောင်ခိုနှင့်လူကုန်ကူးမှုဆိုင်ရာ စာပေအသိပညာပေးခြင်းကို မူဆယ်ခရိုင် လူကုန် ကူး တာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့များ၊ အ.ထ.က(၁)ကျောင်းမှ ဆရာ/ဆရာမများနှင့် နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်း၍  ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဟောပြောရာတွင် မူဆယ်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးဦးမင်းနိုင်က လူမှောင်ခိုနှင့်လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောရာတွင် လူ့ကုန်ကူးမှု စတင်ဖြစ်ပေါ်ခဲ့သော ကမ္ဘာနောက်ခံသမိုင်းများအကြောင်း၊ လူကုန်ကူးစတင်ဖြစ်ပေါ်စေသော လောင်းကစားများမပြုလုပ်ရန်၊ လူကုန်ကူးမှုခံရလျှင် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း၊ တပါးနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည်ဆိုလျှင် သေသေချာချာလေ့လာစုံစမ်းဖို့လိုကြောင်း၊ လူကုန်ကူးသူများလည်း ပြစ်မှုများကျခံရနိုင်ကြောင်း၊ လူမှောင်ခိုနှင့်ပက်သက်သည့်အကြောင်းများကိုလည်း Projectorဖြင့် ပြသရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးမှ ကျောင်းသူ/သားများ အနေဖြင့် ကျောင်းစည်းကမ်းများလိုက်နာရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဗဟုသုတကောင်း များရှိစေရန် စာများများဖတ်ရန်၊ ဗဟုသုတစာများ၊လူမှောင်ခို၊ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာ များကို  ပုံပြင်နမူနာများ၊ ဗီဒီယိုအပိုင်းနမူနာများပြသခြင်းကို Projectorဖြင့် ရှင်းလင်း ပြသခဲ့ပြီး ထိုအကြောင်းရာနှင့်ပက်သက်သည်များကို မေးမြန်းခဲ့ရာ ဖြေနိုင်သော ကျောင်းသူ/ ကျောင်းသား များကို ဂုဏ်ပြုစာအုပ်တစ်အုပ်စီချီးမြှင်ခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က လူကုန်ကူးမှုလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲကို Grade(8)၊ (9)၊ (10)၊ (11)တို့မှ ကျောင်းသား/ကျောင်းသူ (၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ဇင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)