MNP - ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးကြိုးဘေးသင့်၍ သေဆုံးသော ဝမ်လုံးကျေးရွာအုပ်စု၊ မကာကျေးရွာနေ(ဘ) ဦးအိုက်ရှဲန်မွန်း၏သား အိုက်ယောရှဲန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကိုယမန်နေ့ ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေး ဦးညီညီအောင်က မိုးကြိုးဘေးသင့်သော မိသားစုအား အားပေးစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းက ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေး ဦးညီညီအောင်နှင့် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းတို့က ဇွန် ၄ ရက်နေ့တွင် ရုတ်တရက် မိုးကြိုးဘေးသင့်၍ သေဆုံးသော ဝမ်လုံးကျေးရွာအုပ်စု၊ မကာကျေးရွာနေ(ဘ) ဦးအိုက်ရှဲန်မွန်း၏သား အိုက်ယောရှဲန်အတွက် ထောက်ပံ့ငွေကျပ် သုံးသိန်းထောက်ပံ့ပေးအပ်ရာ မိခင်ဖြစ်သူ ဒေါ်အီရှဲန်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment