ဗဟန်းမြို့နယ်၌ ၂၀၂၂ခုနှစ် အစိုးရနိကာယ်စာမေးပွဲ စတင်ကျင်းပရာ သံဃာတော်များနှင့် သီလရှင်များ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ ၂၀၂၂ခုနှစ် အစိုးရနိကာယ်စာမေးပွဲ စတင်ကျင်းပရာ သံဃာတော်များနှင့် သီလရှင်များ ဖြေဆို

 



MNP - ဇွန်   ၈


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အစိုးရနိကာယ် စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ‌တော်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များနှင့် ကြီးကြပ်ရေး ဆရာတော်ကြီးများ ကြီးကြပ်ကာ နိကာယ်စာမေးပွဲကို ယမန်နေ့နေ့လယ် ၁နာရီအချိန်တွင် ဗဟန်းမြို့နယ် ကြားတောရရပ်ကွက်၊ ကြားတောရလမ်းရှိ ရွှေကျင်နိကာယသာသနာ့လင်္ကာရ မဟာဓမ္ဗဗိမာန်တော်ကြီးတွင် စတင်ဖြေဆိုကြောင်း သိရသည်။


နိကာယ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ကျင်းပရာ၊ ဗဟန်းမြို့နယ်တွင် အစိုးရနိကာယ် (ဝိဒူတန်း၊ မဟာဝိဒူတန်း) စာမေးပွဲတွင် စာဖြေဆိုစာရင်းပေးသွင်းဦးရေ၊ ရဟန်း၊ သာမဏေ အပါး(၁၄၂)ပါး၊ သီလရှင်အပါး(၁၁၂)ပါး၊ စုစုပေါင်းအပါး(၂၅၄)ပါးရှိရာ၊ ကြွရောက်ဖြေဆိုသည့်ဦးရေ၊ ရဟန်း၊ သာမဏေအပါး(၈၆)ပါး၊ သီလရှင်အပါး(၅၆)ပါး၊ စုစုပေါင်းအပါး(၁၄၂)ပါးရှိကြောင်း သိရပြီး ပျက်ကွက်သူဦးရေ၊ ရဟန်း၊ သာမဏေအပါး (၅၆)ပါး၊ သီလရှင်အပါး(၅၆)ပါး စုစုပေါင်းအပါး(၁၁၂)ပါးရှိကြောင်း သိရသည်။


အဆိုပါ ၂၀၂၂-ခုနှစ် နိကာယ်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ နေ့စဉ်မွန်းလွဲ (၁)နာရီမှ ညနေ(၅)နာရီအထိ (၅)ရက်တိုင်တိုင် အုပ်စု(၁)မှ အုပ်စု(၉) အထိ အုပ်စုများခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များမှ စာဖြေသံဃာတော်များအနေဖြင့် စိတ်အေးချမ်းသာစွာ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်‌အခြေခံပညာ ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ အလှူရှင်များက စာဖြေသံဃာတော်များ၏ ဆွမ်း၊ ကွမ်း၊ ဝေယျဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။           


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)