ကျိုက်ထို မြို့နယ်၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း သရုပ်ပြစိုက်ခင်းပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထို မြို့နယ်၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း သရုပ်ပြစိုက်ခင်းပြသ




MNP ၊   ဇွန် ၂၅

ကျိုက်ထို မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ   တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြစိုက်ခင်းပြပွဲကို ဇွန်(၂၄)  နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ကော့စံနိုင်ရပ်ကွက် ရှိ တောင်သူ ဦးကြည်ဝင်း၏  စားကျက်မြေ  ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊မြို့နယ် မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာဖြိုးဝင့်ကို နှင့်ဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေးလုပ်ကိုင်ကြသူများတက်ရောက် စိုက်ပျိုးခဲ့ကြသည်။

တိရစ္ဆာန်အစားအစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များအား လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ် မွေးမြူ ရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော  အစာအဖြစ်ကျွေးမွေးရန်၊ ပြည်တွင်းကျွဲ၊နွား၊မွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းသော တိရစ္ဆာန်အစာများဖူလုံစွာ သုံးစွဲနိုင်ရေးနှင့် နေဗီယာမြက်ကို နွားစာအဖြစ်ကျွေးမွေးပါက လိုအပ်သောအာဟာရဓာတ်ပမာဏများပြည့်ဝစေရန်ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျွဲ၊နွား၊မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများသို့လည်း  နေဗီယာမြက် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပျိုးပင်များကို အခမဲ့ ဖြန့်ဖြူးပေးလျက် ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာဖြိုးဝင့်ကိုမှ  ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - သန်းသန်းမော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)