ပခုက္ကူတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်




MNP - ဇွန်   ၂၆


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ လေးထပ်ဆောင် (ဘွဲ့နှင်းသဘင်)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ကျော်စိုးက  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းတရားများ၊ မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ဖြတ်တောက်စေနိုင်သည့် နည်းလမ်းများ၊ လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အကြောင်းတို့ကို လည်းကောင်း၊ ပခုက္ကူတက္ကသိုလ်၊ ဥပဒေဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာရီရီဝင်းက မူးယစ်ဆေး သုံးစွဲသူများ၊ ရောင်းဝယ်သူများနှင့် လက်ဝယ်ကိုင်ဆောင် ထားရှိသူများအား အပြစ်ပေး အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေများ၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်း တို့ကို လည်းကောင်း အသီးသီး ရှင်းလင်းဟောပြောကြရာ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။


အဆိုပါ ဟောပြောပွဲသို့ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယ ပါမောက္ခချုပ်(စီမံ) ဒေါက်တာဝင်းဝင်းအိ၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား) ဒေါက်တာခင်ခင်ထွတ်နှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်း(၃၀၀)ဦးတို့ တက်ရောက် ကြကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)