သဲကုန်းမြို့နယ် ၌ ၂၀၂၂-၂၀၀၂၃ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ် ၌ ၂၀၂၂-၂၀၀၂၃ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်








MNP ၊ ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက်  ဇွန်လ၂ရက်နေ့နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ကျောင်းတက်နေပြီးဖြစ်ကြောင်းသိရသည်။

သဲကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း(၆)ကျောင်း၊ အထက် တန်း (ခွဲ)ကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်း(ခွဲ)ကျောင်း(၄)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၉) ကျောင်း၊ မူလတန်းကျောင်း (၁၆၄)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း (၁၉၄) ကျောင်း၊ကိုယ်ပိုင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း(၁)ကျောင်းရှိကြောင်းသိရသည်။ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းအပ်နှံပြီးသူ အခြေခံပညာမူလတန်းအဆင့်တွင် ကျောင်းသားကျောင်းသူ(၁၁၈၄၃)ဦး၊အလယ်တန်းအဆင့်တွင် (၃၅၆၈)ဦး ၊အထက်တန်းအဆင့်တွင်(၁၅၄၅)ဦး၊ ဘုန်းတော်ကြီးပညာသင်ကျောင်း၌မူလတန်းအဆင့်(၁၂၀)ဦး၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်းတွင် အထက်တန်းအဆင့်(၉၃)ဦး ရှိပြီး မြို့နယ်အတွင်းကျောင်းအပ်နှံပြီးသူပေါင်း(၁၇၁၆၉)ဦး၊၁၂၃.၁၂ရာခိုင်နှုန်းအပ်နှံထားရှိပြီး အေးချမ်းပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


သတင်း - ဝင့်နန္ဒာဌေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)