မိတ္ထီလာတက္ကသိုလ် (၄၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာတက္ကသိုလ် (၄၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

 


MNP - ဇွန်   ၂၉


မိတ္ထီလာတက္ကသိုလ်၏ (၄၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ အဆိုပါ သုတေသနစာတမ်းဖတ်ပွဲတွင် ပါမောက္ခချုပ်ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ်မှ စာတမ်းရှင်များဖြစ်သည့် ဒဿနိကဗေဒဌာနမှ နည်းပြ ဦးဝင်းဦး၊ သမိုင်းဌာနမှ  တွဲဖက်ပါမောက္ခ ဒေါက်တာခင်မြမူ၊ သင်္ချာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအောင်ကျော်မင်း၊ အရှေ့တိုင်းပညာဌာနမှ နည်းပြ ဒေါ်လှိုင်လှိုင်ထွေး၊ ရုက္ခဗေဒဌာနမှ သရုပ်ပြ ဦးကျော်ကျော်၊ ဓာတုဗေဒဌာနမှ သရုပ်ပြ ဒေါ်သင်းသင်းဆွေ၊ စီးပွားရေးပညာဌာနမှ နည်းပြ ဒေါ်နော်ဂျွန်ရို့စ်၊ ရူပဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာယဉ်သူဇာသိန်း၊ ဥပဒေပညာနမှ နည်းပြ ဒေါ်ထက်ထက်ဝင်း၊ သတ္တဗေဒဌာနမှ သရုပ်ပြ ဦးအောင်ဇင်ထက်၊ ဘူမိဗေဒဌာနမှ လက်ထောက်ကထိက ဦးဟိန်းထွဋ်၊ မြန်မာစာဌာနမှ ပါမောက္ခ ဒေါက်တာတင်မိမိနိုင်၊ ပထဝီဝင်ဌာနမှ ကတိက ဒေါ်နိုနိုရှိန်နှင့် အင်္ဂလိပ်စာဌာနမှ ကထိက ဒေါ်မေသက်ထွန်းတို့က ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းများ၊ မြန်မာ့သမိုင်းကြောင်းဆိုင်ရာ သုတေသနစာတမ်းများကို ဖတ်ကြားခဲ့ကြသည်။


စာတမ်းရှင်များဖတ်ကြားသော စာတမ်းများနှင့်ပတ်သက်၍ တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ စာတမ်းရှင်းများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးဖြေကြားသည်။ ထို့နောက် စာတမ်းဖတ်ပွဲတွင် အကောင်းဆုံးစာတမ်းဆုရှင်များအား ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)