မာန်အောင်မြို့နယ်၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ



MNP ၊ ဇွန် ၂၅

ရခိုင်ပြည်နယ် ၊ မာန်အောင်မြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးပွဲအခမ်းအနားကို ကင်းဇွန်းကျေးရွာ ၊ ကွင်းအမှတ်(၈၆၈) ရှိ တောင်သူ ဦးမင်းမင်းထွန်းပိုင် စိုက်ခင်းတွင် ယန်နေ့ နံနက်  ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားကို မာန်အောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ သန်းဝင်းက တိရစ္ဆာန်အစာပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ တောင်သူများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။

စနစ်တကျစိုက်ပျိုး ထို့နောက် တိရစ္ဆာန်အစာပင်စိုက်ပျိုးပွဲသို့ မာန်အောင်မြို့  မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်း များ ၊ တောင်သူများ စုစုပေါင်း အင်အား (၅၀) ခန့်တက်ရောက်ကာ တေဘူးယန်းနေဗီယာမြက် တစ်ဧကကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)