ရန်ကုန်အရှေ့ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်အရှေ့ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်သင်ကြား



MNP - ဇွန်  ၂၂


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် အများပြည်သူကို ဝန်ဆောင်မှုပေးသည့်ဌာနဖြစ်ရာ ပြည်သူများနှင့်ပြောဆိုဆက်ဆံရာတွင် ဌာန၏လုပ်ငန်းရည်မှန်းချက်များ အဆင်ပြေချောမွေ့စေရေးအတွက် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို ဇွန် ၂၀ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။


 အဆိုပါသင်တန်းအား ဇွန် ၂၀ မှ ၂၄ ထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ လာရောက်ဆောင်ရွက်သည့် ပြည်သူများနှင့် ပြောဆို ဆက်ဆံရာတွင် အဆင်ပြေချောမွေ့စေရေး အထောက်အကူဖြစ်စေရန်နှင့် ဦးစီးဌာန၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များ အောင်မြင်စေရေးအတွက် အခြေခံဝန်ဆောင်မှုပေးခြင်းကဏ္ဍ၊ ပြည်သူ့ဆက်ဆံရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့် အခြေအနေအရပ်ရပ်၊ ဝန်ထမ်းနှင့်ပြည်သူ့ဆက်ဆံရေး၊ လူအများနှင့်ညှိနှိုင်းဆက်ဆံခြင်းဖြင့် ဝန်ဆောင်မှုပေးခြင်း၊ မေတ္တာအပြုံးနှင့် ဂရုဏာနှလုံးသား၊ ရုံးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍ စုစုပေါင်း ဘာသာရပ်(၇)မျိုးကို သင်ကြားပေးရာ ယနေ့သင်တန်း ဒုတိယနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ပြည်သူ့ဆက်ဆံရေးဘာသာရပ်အား ပို့ချ ဆွေးနွေးရာတွင် ပြောင်းလဲလာသော ဝန်ဆောင်မှုများ၊ Sweet၊Smile၊Smart ဖြစ်သော (S)သုံးလုံးဖြင့် အစဉ်ဆက်ဆံရေး၊ အပြုံးဖြင့်နေပါ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းစဉ်၊ ပြည်သူ့ ဆက်ဆံရေးလုပ်ငန်းတွင် သတိပြုရမည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွင် ဆိုးကျိုးဖြစ်စေမည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေးမှူး တစ်ဦး၏ပြည့်စုံရမည့် အရည်အချင်းများအား သင်တန်းသားများ မှတ်သားရလွယ်ကူစေရန် လုပ်ငန်းအတွေ့အကြုံများနှင့် အကျယ်တဝင့်ဆွေးနွေးကြောင်း သိရသည်။


သင်တန်းပို့ချမှုမှာ နေ့စဉ် ညနေ ၃ နာရီမှ ၄ နာရီ မိနစ် ၃၀ ထိဖြစ်ပြီး သင်တန်းသို့ အရာထမ်း(၅)ဦး အမှုထမ်း(၂၆)ဦး စုစုပေါင်း(၃၁)ဦး တက်ရောက် သင်ကြားကြောင်း သိရသည်။


သတင်း - သန်းသန်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)