တောင်ပိုင်းခရိုင်တွင် ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ပိုင်းခရိုင်တွင် ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်သင်ကြား




MNP - ဇွန်   ၂၂   


ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်သူများအား နေ့စဉ်ဝန်ဆောင်မှုပေးရသော ဌာနတစ်ခုဖြစ်သည်နှင့်အညီ ဝန်ထမ်းများ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ သန်လျင်မြို့ရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံးတွင် ဇွန် ၂၀ ရက်နေ့မှစ၍ ၂၄ ရက်နေ့ထိ ပြည်သူ့ဆက်ဆံရေးသင်တန်းအမှတ်စဉ် (၁)အား နေ့စဉ် ညနေ ၄ နာရီမှစ၍ သင်ကြားပေးလျက်ရှိသည်။


အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်)မှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်လှပိုမို က ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ သဘောတရားများ၊ လမ်းညွှန်ချက်များ၊ ပြည်သူကိုဗဟိုပြုသော ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၊ နေ့စဉ်ထိတွေ့ဆက်ဆံနေရသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ဝန်ထမ်းများအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများအား ယမန်နေ့ညနေပိုင်းက ဆွေးနွေးဟောပြောပို့ချခဲ့သည်။


ယင်းနောက်သင်တန်းတက်ရောက်လျှက်ရှိသော ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ၏ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများအပေါ် သိရှိလိုသည်များကို ရှင်းလင်းဖြေကြား ပေးခဲ့သည်။


အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၁၅) ဦးတို့က လုပ်ငန်းခွင်မပျက် တက်ရောက်လျက်ရှိပြီး  လာမည့်ဇူလိုင် (၄)ရက်နေ့တွင် ပြည်သူ့ဆက်ဆံရေးသင်တန်းအမှတ်စဉ် (၂) အား ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)