မောင်တောမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘက်စုံခြံတွင်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘက်စုံခြံတွင်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်



MNP ၊   ဇွန်  ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့၌  ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက    ယနေ့ နံနက် ၈ နာရီ အချိန် ဝေသာလီကျေးရွာ၊ ဂေါက်ကွင်းအနီးရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဘက်စုံ ခြံတွင် စုပေါင်း သစ် ပင် စိုက်ပျိုးခဲ့ကြသည်။ 

အခမ်းအနားတွင် သစ်ပင်စိုက်ပျိုးရန်အတွက်  ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး ၊ မြို့နယ်  အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင် တို့က ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား ပျိုးပင်များပေးအပ်ပြီး စုစု ပေါင်း အင်အား ၇၅ ဦးခန့်က   ကျွန်း ၊ ပျဉ်းကတိုး ၊ မန်ဂျန်ရှား  ၊ ယူကလစ် ၊ မဟော်ဂနီ ၊ ရခိုင်ငှက်ပျော်ပင် ၊ အရိပ် ရ လေ ကာပင်များ စုစုပေါင်း ၅၅၀ ပင်အား သတ် မှတ်နေရာ အသီးသီးတွင်   စနစ်တကျ တပျော်တစ်ပါး စိုက်ပျိုး ခဲ့ကြသည်။    အ ဆိုပါ သစ်ပင်စိုက်ပျိုးပွဲအား သဘာဝ ပတ်ဝန်း ကျင် စိမ်းလန်း စိုပြေရေး ၊ ရာသီဉတု ကောင်းမွန်မျှစေရေး ၊ အရိပ် အာဝါသ နှင့် မျက်စိပဿဒ အကျိုးများရရှိစေရေး ၊ သစ်တော သစ်ပင် တန်ဖိုးများကို အများ ပြည်သူ အလေး ထားသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)