တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၂၆၀၃၆၉ ) ဧကကျော် လျာထားစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၂၆၀၃၆၉ ) ဧကကျော် လျာထားစိုက်ပျိုး




MNP - ဇွန်   ၁၀


ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်  စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ အလိုက်သီးနှံများကို  စိုက်ပျိုးကြကြောင်း သိသရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ(၂၆၀၃၆၉)ဧကကို လျာထားစိုက်ပျိုးသွဦးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။


ယခုနှစ် မိုးရာသီရာတွင် သက်ဆိုင်ရာဌာနများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်း ပိုမိုအောင်မြင်ဖြစ်ထွန်းရေး  အဆင့်ဆင့်တာဝန်ခွဲဖဝဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံတောင်သူများနှင့်ပူးပေါင်းပြီး ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကို မျက်ခြည်မပြတ် စနစ်တကျစောင့် ကြည့်ဆောင်ရွက်ကာ ရာသီဥတု ရေ၊ မြေဒေသနှင့်ကိုက်ညီသည့်  အထွက်နှုန်းကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ၊တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာ၊ နည်းစနစ်ကောင်းများ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


တံတားဦးမြို့နယ်အနေဖြင့် တောင်သူများ သီးနှံမျိုးစုံတိုးချဲ့စိုက်ပျိုးနိုင်ရေး ၊ပိုးမွှားရောဂါကာကွယ်ရေး မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ဆောင်ရွက်ရေး မြေဩဇာများ စနစ်တကျသုံးစွဲရေး၊ သဘာဝမြေဩဇာများ စုဆေားဆောင်းအသုံးပြုရေး၊ ပေါင်းမြက်ကာကွယ်နှိမ်နှင်းရေး၊ ပိုးသတ်ဆေးနှင့် ဆေးဖျန်းကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုရေး သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး စသည်တို့ကို  ကျေးရွာများအရောက် တောင်သူများနှင့်တွေ့ဆုံပြီး ကွင်းဆင်းပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခေတ္တဦးစီးမှူး ဦးမျိုးဇော်မှ ပြောကြားသည်။


သတင်း- ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)