MNP - ဇွန် ၃
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်အတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများတွင် အားစိုက်လုပ်ကိုင်လာနိုင်စေရေး အရှိန်အဟုန်မြင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့မွန်းတည့်(၁၂)နာရီက လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာရှိ ဦးလှစိုး ပိုင်ဆိုင်သည့် အသားတိုးကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ကြက်ခြံနှင့်တွဲဖက်စိုက်ပျိုး၍ သင့်တော်မည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ ကြက်ခြံဇီဝလုံခြုံရေးဆိုင်ရာအချက်များ၊ ဒေသအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို ကြည့်ရှုစစ်ဆေးမှာကြားသည်။ ထို့နောက် လယ်ဝေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာလှမျိုးသန့်က မြို့နယ်အတွင်း တိရစ္ဆာန်မွေးမြူ ထားရှိမှုအခြေအနေ၊ အထွက်နှုန်းတိုးမြှင့်စေရန် ဆောင်ရွက်ပေးနေမှုများ၊ တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံမှုနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းများဖွင့်လှစ်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့သည်။ အဆိုပါကြက်မွေးမြူရေးခြံသည် (၂၀၁၅) ခုနှစ်က စတင်မွေးမြူခဲ့ပြီး အသားတိုးကြက် (၆၅၀၀) ကောင်နှင့် အသားတိုးဝက် (၁၁)ကောင် မွေးမြူထားရှိကာ တစ်နှစ်အသားတိုးကြက် ထုတ်လုပ်မှု (၅)ကြိမ်ကို (၅၅၂၅၀)ပိဿာ ထုတ်လုပ်ရောင်းချနိုင်ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment