MNP - ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းက ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းနိုင်က တိုင်းအတွင်းရှိ ခရိုင်အလိုက်ပေးပို့ထားသည့် ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် (၇၂)တိုက်အား စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်ပြီး ဒု-ဥက္ကဋ္ဌ(၁)က ကျောင်းစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ဆက်လက်လှူဒါန်း ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးကာ တက်ရောက်လာသူများက ပြန်လည်အကြံပြု ဆွေးနွေးကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment