မိုးမိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 



MNP - ဇွန်   ၁၆


နိုင်ငံတဝန်း စိမ်းလန်းဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့ဟူသော ဆောင်ပုဒ်နှင့်အညီ သဘာဝပတ်ဝန်း ကျင်ကိုထိန်းသိမ်းပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပနေစေရန်အတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင်၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ‌‌ကို ယနေ့ နံနက်  ၇ နာရီ အချိန်က မိုးမိတ်မြို့နယ် အေးချမ်းသာယာ ဂေါက်ကွင်းအတွင်း၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။


ရှေးဦးစွာ  စစ်ဗျူဟာအခြေချ(မိုးမိတ်) ဗိုလ်မှူးကြီး အောင်ဌေးမှ ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ကျော်ဇော်ဇော်အားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်မှ မြို့နယ်စည်ပင်သာယာဦးစီးမှူး ဦးတင်ရှိန်အား၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌမှ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဆိုင်ရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဌေးအောင်အား လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဥက္ကဋ္ဌ ဦးအောင်ဘော်မှ ပညာရေးဌာနမှ ဆရာမဒေါ်အေးနန္ဒာအားလည်းကောင်း စိုက်ပျိုးမည့်ပျိုးပင်များကိုပေးအပ်ခဲ့ပြီး  တက်ရောက်လာ ကြသူများက ကျွန်း (၁၃၇ )ပင်၊ မဟော်ဂနီ (၃)ပင် ကို အတန်းလိုက်စနစ်တကျ  စိုက်ပျိုးခဲ့ပြီး စစ်ဗျူဟာအခြေချ(မိုးမိတ်) ဗိုလ်မှူးကြီး အောင်ဌေး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်နှင့်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နိုင်ဦးနှင့် တာဝန်ရှိသူများက ၂၀၂၂ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုခဲကြကြောင်း သိရသည်၊၊


သတင်း - မိုးမိတ်သား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)