သုံးနှစ်၊ သုံးလ၊ သုံး ရက် အဓိဋ္ဌာန်ပြည့်၍ မိုင်းကျတ်အထက်ကျောက်ဂူမှ ထွက်တော်မူလာမည့် မိုင်းဖုန်းဆရာတော်အား လာရောက်ဖူးမျှော်သူများ အဆင်ပြေစေရေး ပြင်ဆင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးနှစ်၊ သုံးလ၊ သုံး ရက် အဓိဋ္ဌာန်ပြည့်၍ မိုင်းကျတ်အထက်ကျောက်ဂူမှ ထွက်တော်မူလာမည့် မိုင်းဖုန်းဆရာတော်အား လာရောက်ဖူးမျှော်သူများ အဆင်ပြေစေရေး ပြင်ဆင်ဆောင်ရွက်

 



MNP - ဇွန်   ၃၀


မိုင်းဖုန်းဆရာတော်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းကျတ်ကျေးရွာအနီးရှိ မိုင်းကျတ်အထက်ဂူတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၂၈ ရက်မှ စတင်၍ အဓိဋ္ဌာန်ပြု တရားကျင့်ကြံအားထုတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဋ္ဌာန်ပြည့်၍ မိုင်းကျတ်အထက်ဂူမှ ထွက်တော်မူလာမည့် မိုင်းဖုန်းဆရာတော်အား လာရောက်ဖူးမျှော်သူများ အဆင်ပြေစေရေး တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။


မိုင်းဖုန်းဆရာတော် အဓိဋ္ဌာန်ပြုတရားကျင့်ကြံအားထုတ်သည့် ကျောက်ဂူသည် မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းကျတ်ကျေးရွာအနီး၊ လမ်းခရီးခက်ခဲဝေးလံသည့် ဒေသတွင် တည်ရှိပြီး သုံးနှစ်၊ သုံးလ၊ သုံးရက်အဓိဋ္ဌာန်ပြည့်၍ မိုင်းကျတ်အထက်ဂူမှ ထွက်တော်မူလာမည့် မိုင်းဖုန်း ဆရာတော်အား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူး‌မျှော်သူများအတွက် လမ်းပန်းဆက် သွယ်ရေးကောင်းမွန်စေရေး၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရေး၊ နေထိုင်တည်းခိုရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးလိုအပ်ချက်များ အဆင်ပြေစေရေးအတွက် ပြင်ဆင်ဆောင်ရွက် နေမှုများအား ဇွန် ၂၈ ရက်က ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု၍ အလှူငွေနှင့်ဆေးဝါးများလှူဒါန်းခဲ့ပြီး လိုအပ်သည် များ ကူညီပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မိုင်းဖုန်း ဆရာတော်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် လ ၃၁ ရက်တွင် သုံးနှစ်၊ သုံးလ၊ သုံးရက်  အဓိဋ္ဌာန်ပြည့် မိုင်းကျတ်ဂူမှ ထွက်တော်မူလာ မည်ဖြစ်ပြီး  မိုင်းကျတ် အောက်ဂူတွင်  အပူဇော်ခံ၍ တရားတော်များ ဟောကြားမည်ဖြစ်ကြောင်း သိရသည်။  မိုင်းဖုန်းဆရာတော်ကြီး အဓိဌာန်ဝင်သည့်  မိုင်းကျွတ်ကျောက်ဂူသို့ မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့များမှတစ်ဆင့် သွားရောက်နိုင်၍ အဆိုပါမြို့များနှင့် ၃၇ မိုင်ခန့်အကွာတွင်တည်ရှိကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)