မြောက်ဦးမြို့၌ မြို့မစာကြည့်တိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ မြို့မစာကြည့်တိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနား ကျင်းပ

 



MNP - ဇွန်   ၉


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြို့မစာကြည့်တိုက် အုတ်မြစ်ချ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကြက်ဈေးရပ်ကွက်၊ ထုက္ကံသိမ် ပုထိုးတော်ကြီးအနီးတွင် အုတ်မြစ်ချမင်္ဂလာ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ  အခမ်းအနားသို့ ကြွရောက်လာကြသောဆရာတော် သဃာတော်များက အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြပြီး မိတ်ဖက်အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) အသင်း တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြောက်ဦးမြို့မစာကြည့်တိုက်သည် ယခင်ကစာကြည့်တိုက် အဆောက်အဦးမရှိသေးပါသဖြင့် အဆောက်အဦးများ ငှားရမ်း၍ ဖွင့်လှစ်ခဲ့ရပါသည်။ ယခုအခါ စာကြည့်တိုက် အဆောက်အဦး ရရှိ ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ၏ ကူညီပံ့ပိုးမှု မြောက်ဦးမြို့နယ်ရှိ လူ ငယ်များ၏ ကြိုးစားအားထုတ်မှုကြောင့် မြို့မစာကြည့်တိုက်၏ အလျား ၄၈ ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၂၄ ပေအဆောက်အဦးတစ်ခုပေါ်ထွက်လာမည်ဖြစ်၍ မြို့မစာကြည့်တိုက်မှသည် Youths Center တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း  သိရသည်။


ထို့နောက် မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) အသင်းမှ ဦးဆောင်၍ မြို့မစာကြည့် တိုက်ဖြစ်မြောက်ရေးအတွက် ကျောက်စီနံရံတစ်ကွင် (၁၁ ပေပတ်လည်) ၁၀ သိန်း၊ ၉ လက်မ အုတ်ရိုး ၃ သိန်း၊ ၁၀ လက်မပတ်လည် Rc တိုင်တစ်လုံး ၃သိန်း ၅ သောင်း၊ ယက်မတစ်ချောင်း ၄ သိန်း၊ ဆလပ် ၁၀ ပေ ၁၃ ပေတစ်ကွင် ၉၀ သိန်း၊ ဘိလပ်မြေတစ်အိတ် ၁ သောင်းခွဲ၊ သဲတစ်ကျင်း ၃ သောင်းခွဲ၊ အုတ်တစ်ရာ ၁ သောင်းခွဲ၊ ကျောက်တစ်ကျင်း ၈ သောင်း၅ထောင် စသည် တို့ကို လှူဒါန်းနိုင်ရန်အတွက် မြောက်ဦးလူငယ်များအသင်းမှ ဦးခိုင်မင်းသျှင် ၀၉၂၅၄၀၁၄၉၇၅ နှင့် ဦးအောင်ခိုင်စိုး ၀၉၂၆၆၁၇၈၁၆၀ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။


သတင်း - မြင့်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)