မြန်အောင်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်းတုံးပိတ်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်းတုံးပိတ်စိုက်ပျိုးပွဲ ကျင်းပ




MNP - ဇွန်  ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၂ -၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်းတုံးပိတ်စိုက်ပျိုးပွဲကို ယနေ့ ညနေ ၃ နာရီက ကန်ဇွန်းခုံ ကျေးရွာအုပ်စုကွင်းအမှတ် (၂၃၅) ကန်ပေါ်ကုန်းကွင်း ဝ.၅ ဧက ဦးဝေစိုး၏ ယာမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။


၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်းတုံးပိတ်စိုက်ပျိုးပွဲသို့ မြန်အောင်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။ ယခုနှစ်မိုးရာသီတွင် မြန်အောင် မြို့နယ်၌ ကျေးရွာအုပ်စု (၂၀) တွင် တောင်သူ (၉၆၂) ဦးတို့မှ မိုးနေကြာ (မျိုးစေ့ထုတ်) ဧက (၁၃၀၀) စိုက်ပျိုးပြီးစီးကြောင်း သိရှိရသည်။


သတင်း - ဝင်းဗိုလ် 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)