ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်








MNP - ဇွန်   ၅


“Oly One Earth” တစ်ခုတည်းသော ကမ္ဘာမြေဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်ဝန်းအတွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း တက်ရောက်သစ်ပင် စိုက်ပျိုးပေးသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့က မဟော်ဂနီပင်ကို စိုက်ပျိုးပေးကြသည်။ ဆက်လက်၍ ဒေသကွပ်ကဲမှုစစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပျဉ်းကတိုး၊ ခရေ၊ မဟော်ဂနီစသည့်သစ်ပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် မဟော်ဂနီ၊ ခရေနှင့် ပျဉ်းကတိုးစသည့်သစ်ပင်ပေါင်း ၁၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။


ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ အခြေခံ ပညာအထက် တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်စွာ ပညာသင်ကြားနိုင်ရေးနှင့် ခြင်မှတဆင့်ကူးစက်တတ်သော သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကျောင်းအတွင်း အပြင်တို့၌ ခြင်ဆေးဖြန်းနေမှုအား လှည့်လည်ကြည့်ရှုကြပြီး ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် မင်းဂံရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ဖွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ အဘိတ်ဆေးများ ခပ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)