သရက်မြို့၌ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်




MNP - ဇွန်   ၉


မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။


အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် မြို့နယ်အဆင့် ပြိုင်ပွဲဝင်များရွေးချယ်နိုင်ရေးကော်မတီတွင် ဖွဲ့စည်းတာဝန်ပေးထားသည့် ဌာနဆိုင်ရာများမှ ပါဝင်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအား ရွေးချယ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ သရက်ခရိုင်၌ ကျင်းပပြုလုပ်မည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အရည်အချင်းရှိသည့် ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်ထားသည့် ပြိုင်ပွဲဝင်ဘာသာရပ်များအား ကြိုတင်လေ့လာနိုင်ရန်နှင့် လိုအပ်သည့်ကိစ္စရပ်များအား မိမိတို့ကော်မတီဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။  ဆက်လက်၍ အစည်း အဝေးတက်ရောက်လာသည့် ပညာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တိုင်းဒေသကြီး ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ ရွေးချယ်ရေးဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့သည်။


၂၀၂၂ ခုနှစ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲအဆင့်(၅) ဆင့်သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်ဘာသာရပ်များအနေဖြင့် အဆိုပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ အကပြိုင်ပွဲ (အမျိုး သား၊ အမျိုးသမီး)၊ အရေးပြိုင်ပွဲ(အမျိုးသား၊ အမျိုးသမီး)နှင့် အတီးပြိုင်ပွဲများတွင် သတ်မှတ်ဘာသာရပ် များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်းနှင့် မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။


သတင်း - ဇော်ဝမ်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)