ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေး




MNP ၊ ဇွန်  ၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပပြီး  ကျောင်းဥပဓိရုပ်ကောင်းမွန်၍ ကျောင်းသား၊ ကျောင်းသူများကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့်ယနေ့ နံနက် ၇ နာရီအချိန်က ရမ်းဗြဲမြို့၊ အမှတ်(၅)ရပ်ကွက်၊ လောင်းချောင်း၊အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်တပ်မတော်သားများတို့မှ ပူးပေါင်းအင်အား(၉၀)ဦးဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါပူးပေါင်းအဖွဲ့တို့သည် ကျောင်းဥပဓိရုပ်ကောင်းမွန်ပြီး သန့်ရှင်းသာယာလှစေရန်အတွက်ကျောင်းပတ်ဝန်းကျင်တွင်အမှိုက်များကောက်ပေးခြင်း၊ ပလပ်စတစ်စများကောက်ခြင်း၊  ခြင်များပေါက်ပွားမှုမရှိစေရေးနှင့် ခြင်များခိုအောင်းနေနိုင်သည့်ခြုံနွယ် မြက်များကို ခုတ်ထွင်ရှင်းလင်းပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


သတင်း - အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)