လားရှိုးမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

 






MNP - ဇွန်   ၁


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၁) ထင်းရှူးမြိုင်အိမ်ရာအနီး ထင်းရှူးခင်းဧရိယာအတွင်း ယမန်နေ့နံနက်(၉)နာရီက အဆိုပါနေရာ၌ မိုးသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပကြောင်း သိရသည်။


မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံစေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိုးကြိုသစ်ပင် စိုက်ပျိုးပွဲတော်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၁၄)မြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲပေါင်း(၁၇)ပွဲ၊ သစ်တောသစ်ပင်(၁၂၅၆၀)ပင်ကို စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီတွင် လူထုဖြန့်ပျိုးပင်(၄၈၉၅၀၀)ပင်၊ ပျိုးထောင်ပြီး ဌာနဆိုင်ရာတပ်ရင်းတပ်ဖွဲ့နှင့် ပြည်သူလူထုများသို့ အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း၊ ယနေ့ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပိတောက်၊ တမလန်း၊ ပျဉ်းကတိုး၊ ချယ်ရီ၊ ပျဉ်းပိတောက်၊ ခါတော်မီ၊ ကံ့ကော်၊ ထင်းရှုး၊ မဟော်ဂနီမယ်ဇလီနှင့် ဝါးစုစုပေါင်းသစ်မျိုး(၁၂)မျိုး၊ (၂၁၂၀)ပင်ကို စုပေါင်းညီညာစွာ လာရောက်စိုက်ပျိုးပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။


ဆက်လက်၍ သစ်ပင်စိုက်ပျိုးပေးရန် ဌာနဆိုင်ရာနှင့်ပြည်သူများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပေးအပ်ရာ ဌာနဆိုင်ရာများကိုယ်စား ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်မှ လက်ခံရယူပြီး ပြည်သူများကိုယ်စား ဒေသခံတစ်ဦးမှ လက်ခံရယူ၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက အမျိုးသမီးရေးရာအဖွဲ့နှင့် ဒေသခံတိုင်းရင်းသူများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။


ထို့နောက် မိုးရာသီအကြို သစ်ပင်များစိုက်ပျိုးပေးကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကံ့ကော်ပင်ကိုလည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ် ချုပ်နိုင်နိုင်ဦးက တပေဘူတ အပင်ကို စိုက်ပျိုးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပေးမှုတွင် ကျွန်း(၅၀၀)ပင်၊ ထင်းရှုး(၁၀၀)ပင်၊ ပိတောက်(၃၀၀)ပင်၊ ပျဉ်းကတိုး(၅၀) ပင်၊ ချယ်ရီ(၂၀၀)ပင်၊ ယမနေ(၃၀၀)ပင်၊ မဟော်ဂနီ(၁၅၀)ပင်၊ ခါတော်မီ(၃၀၀)ပင်၊ မယ်ဇလီ(၁၀၀)ပင်၊ မျှင်ဝါး(၁၀၀)ပင် စုစုပေါင်း(၂၁၂၀)ပင်စိုက်ပေးကြကြောင်း သိရှိရသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ မန်ဆူရှမ်းဘုန်းကြီးကျောင်းအား သွားရောက်ကာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒအား ဖူးမျှော်ကာလှူဖွယ်ပစ္စည်းနှင့် ကျောင်းဒဿနိကဆောက်လုပ်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း(၅၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများမှ လှူဒါန်းပေးကြသည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကုန်းမြင့် (၁) စိုက်ပျိုးရေးနှင့်မွေးမြူရေးစံပြစခန်း၌ မွေးမြူထားသော နို့စားနွားခြံ၊ ဒေသနွားခြံ၊ နွားပြာစိမ်းခြံ၊ ဆိတ်ခြံ၊ သားဖောက်ဝက်ခြံနှင့်  အသားတိုးဝက်ခြံများကို လှည်လည့် ကြည့်ရှုကြသည်။ ထို့နောက် စိုက်ပျိုးရေးမွေးမြူရေး ဗဟိုစံပြစခန်းတွင် မွေးမြူထားသော အအေးခန်း ဥစားကြက်ခြံနှင့် ကြက်အစာစပ် စက်ရုံတို့ကိုများကို ကြည့်ရှုကြကြောင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)