မရမ်းကုန်းမြို့နယ် မြန်မာ့ကြယ်ဖြူ လူမှုဖွံ့ဖြိုးတိုးတက်ရေး ပရဟိတအသင်းသို့ ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ် မြန်မာ့ကြယ်ဖြူ လူမှုဖွံ့ဖြိုးတိုးတက်ရေး ပရဟိတအသင်းသို့ ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လာရောက်လှူဒါန်း



MNP - ဇွန်   ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက်၊ပေါက်စေတီလမ်းရှိ မြန်မာ့ကြယ်ဖြူလူမှုဖွံ့ဖြိုးတိုးတက်ရေး ပရဟိတအသင်းသို့  ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန် ယမန်နေ့မွန်းလွဲပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။


မြန်မာ့ကြယ်ဖြူပရဟိတအသင်းသို့ လာရောက်လှူဒါန်းသည့် အလှူရှင်များမှာ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် အောင်မင်္ဂလာ(၂) လမ်းမှ ကွယ်လွန်သူ မိခင်ကြီးဒေါ်တင်ရွှေအား ရည်စူး၍ သမီးဒေါ်ထားထားအေးမှ အလှူငွေကျပ်(၁၀၀၀၀/)နှင့် ဒေါ်မြင့်မြင့်မော်မှ အလှူငွေကျပ်(၅၀၀၀၀/)တို့ဖြစ်ပြီး အဆိုပါလှူဒါန်းငွေများအား မြန်မာ့ကြယ်ဖြူပရဟိတအသင်း ဥက္ကဋ္ဌ ဦးလွင်မောင်မှ လက်ခံခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)