ဂွမြို့ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ




MNP ၊ ဇွန်  ၃

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် ဂွ အ.ထ.ကစုရပ်တွင် အ.လ.ကမြို့သစ်ကျောင်းနှင့် အ.လ.က(ခွဲ)ကင်းရုံး ကျောင်းများမှ Grade-4/Grade-5/Grade-6ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ကျိန္တလီ အ.ထ.က စုရပ်တွင် မူလွန်ငရံ့ကျော်နှင့် အ.မ.က ရာပြည့် ကျောင်းများမှ Grade-3 /Grade-4/Grade-5/Grade-6ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း  ယနေ့  နေ့လည် ၁နာရီခွဲ အချိန်မှစတင်ကာ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ဇွန်လ(၂)ရက်နေ့က အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသည့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စတင် ထိုးနှံပေးခဲ့ရာ  အ.ထ.က(ဂွ)စုရပ်နှင့် ကျိန္တလီ အ.ထ.က စုရပ်တို့တွင် Grade-4 ကျောင်းသား/ကျောင်းသူ(၅၈)ဦး/Grade-5 ကျောင်းသား/ကျောင်းသူ(၅၀)ဦး/Grade-6 ကျောင်းသား/ကျောင်းသူ(၂)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၁၀)ဦးအား  မိဘအုပ်ထိန်းသူများ၏ သဘောတူညီမှု ခွင့်ပြုချက်ဖြင့် (Sinopharm) ကာကွယ်ဆေးများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်  မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာကောင်းစံမြတ် ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ် အလိုက် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံခြင်း မပြုမီ ကျောင်းသား၊ကျောင်းသူများကို စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်း ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ပညာရေးဌာနနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးပြီး  ဆေးထိုးနှံမှုပြီးပါက ထိုးနှံပြီးသည့်ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)