သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ပုလဲရတနာပရိယတ္ထိစာသင်တိုက်သို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ပုလဲရတနာပရိယတ္ထိစာသင်တိုက်သို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်း






MNP ၊ ဇွန် ၁

သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ပုလဲရတနာပရိယတ္ထိ စာသင်တိုက်သို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ထွေ/အုပ်ဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ပုလဲရတနာ ပရိယတ္ထိ စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးချစ်နှင့် တာဝန်ရှိသူများက ဆွမ်းဆန်တော် ၈ အိတ်နှင့်အလှူငွေများကို ဆက်ကပ်လှူဒါန်းကြပြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပုလဲရတနာပရိယတ္ထိ စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသုံးဗလာစာအုပ်နှင့်စာရေးကရိယာများ၊  ပါးစပ်နှာခေါင်းစည်း၊ Hand Gel ပုလင်းများကိုလှူ ဒါန်းခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)