ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြား ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြား ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေး








MNP ၊  ဇွန်  ၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များ အား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေးခြင်းကို  ယနေ့ နံနက် ၉ နာရီမှ စ၍ ကျောင်းစုရပ်နေရာ များတွင် ထိုးနှံ ပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း နှင့် အဖွဲ့ဝင်များ ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များကို ပေါင်း စပ် ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက် ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ  အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များ အား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား  ဌာနဆိုင်ရာများ၊ ဆရာ/မ များ ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေး မှူး များ နှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေး လျှက်ရှိသည်။ 

အဆိုပါ အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များနှင့် ကျောင်းသားမိဘများအား ခရိုင်စီမံ အုပ် ချုပ်ရေးအဖွဲ့ ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း နှင့် အဖွဲ့ဝင်များ ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး ၊မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်း အောင် နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ကုသရေးဦးစီးမှူး ၊ ခရိုင်/မြို့နယ်ပညာရေးမှူး များ ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ် အမျိုး သမီး ရေးရာဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များ ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့က  နှာခေါင်းစည်း များ ဖြန့်ဝေ ပေး ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးရခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း ၊ ကျောင်းသား/သူများအား  ရုပ်ပြ ကာ တွန်းများ ပြသခြင်းများကို ဆောင်ရွက် ပေးကြသည်။ 

မောင်တောမြို့နယ်အခြေခံပညာကျောင်းများရှိ ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား ၁၀၂၈၀ ဦး ၊ကျောင်းသူ ၈၂၈၆ ဦး စုစုပေါင်း ကျောင်းသား/သူ ၁၈၅၆၆ ဦးရှိပြီး  ၂၀၂၂ ခုနှစ်  ဇွန်လ ၂ ရက်နေ့မှ  ၂၆ ရက် နေ့ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။  


သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)