MNP - ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲက စိုက်ပျိုးရေးဌာနရှိ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ စွမ်းဆောင်ရည်မြှင့်မားရေးအတွက် သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးများ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ (၁၁)နာရီ အချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က သင်ထောက်ကူပစ္စည်းများနှင့် အော်ဂဲနစ်စိုက်ပျိုးရေး စာအုပ်များကို ဝန်ထမ်းများအားပေးအပ်ခဲ့ပြီး ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်ခိုင်ယဉ်စိုးက သဘာဝပိုးသတ်ဆေး ပြုလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့ သရုပ်ပြပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် တောင်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment