ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အသက် ၅ နှစ်မှ ၁၂ ကြား ကျောင်းသား / သူများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အသက် ၅ နှစ်မှ ၁၂ ကြား ကျောင်းသား / သူများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံ

 


MNP - ဇွန်   ၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၅ နှစ်မှ ၁၂ ကြားကျောင်းသား / ကျောင်းသူများ အား ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက  ဆေးထိုးစုရပ် (၂၀) နေရာ  ဆက်လက်ထိုးနှံပေးခဲ့ရာ ကျောင်းသား / ကျောင်းသူများ ကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးအောင်သူရ၊ အဖွဲ့ဝင် ဗိုလ်မှူးကျော်ညီ၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်း၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးပြီး ဆေးထိုးစုရပ် (၂၀) နေရာဖြစ်သည့် အ.ထ.က (ပန်းတောင်း)၊ အ.ထ.ကဆင်တဲ၊ အ.ထက ဥသျှစ်ပင်၊ အ.ထ.က ထုံးဘို၊ အ.ထက (ခွဲ)ဇရပ်လှ၊ အ.ထ.က ခွဲကျီးတော၊ အ.ထ.ကခွဲ ရွာသာယာ၊ အ.မ.က လွန်ဝန်လို၊ တောင်ဘွေ အ.မကလွန်၊ တောမ အ.မ.ကလွန်၊ အ.မက ဆင်လူး၊ အ.မက မြို့ကြီး၊ အ.မကကွေ့မ၊ အ.မက ဒေါင်းမြတ်နား အ.မက စစ်တဝင်း၊ အ.မ.က ရွာသစ်တို့တွင် သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရကာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် ဆရာ / ဆရာမများ ကလိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ်(၂၀) နေရာတို့၌ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား / ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှုလျော့နည်း ပပျောက်စေရေးအတွက်   ကျောင်းသား / ကျောင်းသူများက  စိတ်အားထက်သန်စွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြကြောင်းလည်း သိရသည်။  


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)