ထားဝယ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်





MNP ၊ ဇွန် ၂၅ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ အပတ်စဉ်ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ပိုင်း တွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 


ထို့နောက် ကျောင်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပညာရေးဝန်ထမ်းများနှင့်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကျောင်းဝင်းအတွင်း သန့်ရှင်းလှပ‌စေရေးအတွက် အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ် များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထစ်ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များအား မြက်ဖြတ်စက်ဖြင့် ရှင်းလင်းပေးခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများအား ရှင်းလင်းပေးခြင်း၊ အမှိုက်ကား(၂)စီးဖြင့်အမှိုက်များကို သယ်ယူစွန့်ပစ်ပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။ 


ထို့သို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ထားဝယ်တပ်နယ်တပ်ရင်းတပ်ဖွဲ့များမှ တပ်နယ်မှူး ဒုဗိုလ်မှူးသက်ပိုင်ဇော်၊ ဒုရဲမှူးကြီးတင်မင်းဦးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။ 


သတင်း - ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)