လှည်းကူးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိကာယ်ငါးရပ်စာမေးပွဲစတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိကာယ်ငါးရပ်စာမေးပွဲစတင်ဖြေဆို

 




MNP - ဇွန်   ၈


ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်သြဝါဒစရိယဆရာတော်ကြီးများ ကြီးကြပ်ကာ နိကာယ်ငါးရပ်စာမေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် လှည်းကူးမြို့စစ်ကိုင်းကျောင်းတိုက်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် စတင်ဖြေဆိုကြောင်းသိရသည်။


လှည်းကူးမြို့နယ်အတွင်း နိကာယ်ငါးရပ်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် သံဃာတော်၊ သီလရှင်စာရင်းရှိ(၁၃၄)ပါးရှိပြီး ပျက်ကွက်(၇၆)ပါး၊ ဝင်ရောက်ဖြေဆိုသည့်သံဃာပေါင်း(၅၈)ပါးတို့ ဝင်‌ရောက်ဖြေဆိုကြပြီး ယနေ့ ဇွန်လ(၇)ရက်နေ့မှ(၁၁)ရက်နေ့အထိ ငါးရက်ကြာစာမေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနကသိရသည်။


အဆိုပါနိကာယ်ငါးရပ်စာမေးပွဲဖြေဆိုကြသည့် သံဃာတော်များ၊ သီလရှင်များအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးနှင့် ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စအဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သာသနာရေးဦးစီးဌာနတို့မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - အေးအေးနွဲ့ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)