မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အသက် ၅ နှစ်မှ ၁၁နှစ်ထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အသက် ၅ နှစ်မှ ၁၁နှစ်ထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိ





MNP ၊  ဇွန် ၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌  ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၁ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်၁၀နာရီက အထက(ခွဲ)ဈေးတန်း၌ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရွှေလှအောင်နှင့်အဖွဲ့ဝင်များကကြီးကြပ်ပြီး၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိပြီး၊မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများကကျောင်းသား/ကျောင်းသူများ ဖတ်ရှုနိုင်ရန် ပုံပြင်စာအုပ်၊ရုပ်ပြ၊ကာတွန်းစာအုပ်များအားခင်းကျင်းပြသပေးခဲ့သည်။

 ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင်မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောမင်းဦးဆောင်သောကျန်းမာရေးဝန်ထမ်းများကအထက(ခွဲ)ဈေးတန်းရှိအသက်၅နှစ်မှ၁၁နှစ်ထိကျောင်းသား/ကျောင်းသူ(၅၀)ဦးအားကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ရရှိသော ကလေးများကိုဆေးမထိုးမီ 

ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများအားဆောင်ရွက်ပေးပြီး၊ပုံမှန်အနေအထားရှိသည့် ကလေးငယ် များကိုသာထိုးနှံပြီးမိနစ်၃၀ခန့်စောင့်ကြည့်ကာကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်းသိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)