MNP - ဇွန် ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့ နံနက် ၈ နာရီခွဲက ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ကျေးရွာနေပြည်သူများနှင့် ဆရာ၊ ဆရာမများ စုပေါင်း၍ ကတ်ဖကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ကတ်ထိုက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲတို့တွင် သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ ကျေးရွာနေပြည်သူများနှင့် ဆရာ၊ ဆရာမများက ကျောင်းဝန်း အတွင်း၊ အပြင်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်း၊ ပန်းခုံများအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းနှင့် စုပေါင်း အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - အောင်ဇင်မြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment