ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုအား အဆင့်မြှင့်တင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုအား အဆင့်မြှင့်တင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး



MNP - ဇွန်  ၂၉


မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ Provider Purchaser Split စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် Holiday Pier Hotel ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးသန်းနိုင်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ စာချုပ်ဆေးရုံ၊ ဆေးခန်းများဖြင့် ဆေးကုသမှုဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ဘေးမခအထွေထွေရောဂါကုဆေးခန်းမှ ဒေါက်တာစွမ်းထက်ယံက စမ်းသပ်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ခြင်း စီမံချက်အား ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။


သတင်း - မြင့်မြင့်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)