နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ကျေးရွာများရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ကျေးရွာများရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆွေးနွေး

 





MNP - ဇွန်   ၁၀


နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လိုက်ပါ၍ ယမန်နေ့နံနက် (၁၁)နာရီက လယ်ဝေးမြို့နယ် အေလာကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (KC)ခန်းမ၌ ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆွေးနွေးသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တောင်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသာမက တစ်နိုင်တစ်ပိုင် မွေးမြူရေးမှအစပြု၍ တိုးတက်မွေးမြူနိုင်ရေးစသည်ဖြင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ဓာတ်မြေဩဇာများ ဝယ်ယူနိုင်ရေးအတွက်လည်းကောင်း၊ ကျေးလက်ဦးစီးမှူး ဦးကျော်သူရက ကျေးလက်ဦးစီးဌာနတွင် ဝယ်ယူနိုင်သည့်ဓာတ်မြေဩဇာများ ဖြန့်ချီရောင်းချမည့်လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းက သီးနှံများအထွက်နှုန်းကောင်းမွန်စေရေးအတွက် ရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေးအတွက်လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာလှမျိုးသန့်က ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများနှင့် ကျွဲ၊ နွား ခွာနာ လျှာနာ ရောဂါအကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်က ဓာတ်မြေဩဇာများကို စနစ်တကျသုံးစွဲနိုင်ရေးအတွက် နည်းလမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် အေလာဒေသအတွင်းရှိ ကျေးရွာ(၅)ရွာမှ ဒေသခံတောင်သူများက ဆည်ရေရရှိရေး၊ ဓာတ်မြေဩဇာဝယ်ယူရရှိရေး၊ အဆင့်မြင့် လယ်ယာမြေဖော်ထုတ်ရေး၊ ကျေးရွာချင်းဆက်လမ်းများဖောက်လုပ်ရေး၊ စိုက်ပျိုးစရိတ်များထုတ်ချေးရာတွင် လိုအပ်သည့်အချက်များ စသည်တို့ကိုတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)