ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာ၏ အခြေအနေမှန်ကို နိုင်ငံတော်လူကြီးမင်းများထံသို့ တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ကင်မွန်းတော်ရွာ၏ အခြေအနေမှာ ခုချိန်အထိ ချောင်းဦး-အမြင့် လမ်းပိုင်းအား အသုံးပြု၍ (သွားလာ၍) မရသေးသည့်အပြင် ယခင် အခြေအနေထက်ပို၍ ဆိုးရွားနေပါသည်။
ရှမ်းထူးရွာ PDF အကြမ်းဖက်အဖွဲ့၊ ညောင်ပင်တဲရွာ PDF အကြမ်းဖက်အဖွဲ့၊ ပေါက်ပင်ရွာ PDF အကြမ်းဖက်အဖွဲ့၊ မယ်သဲကြိုးရွာ PDF အကြမ်းဖက်အဖွဲ့၊ တောင်ဖီလာ PDF အကြမ်းဖက်အဖွဲ့၊ ဆီပုဂံရွာ PDF အကြမ်းဖက်အဖွဲ့များ က ချောင်းဦး-အမြင့်လမ်းအား အများပြည်သူ သွားလာရေးခက်ခဲအောင် မိုင်းများထောင်နေဆဲဖြစ်ပါသည်။
ယခုအခါ ကင်မွန်းတော်ရွာအတွင်းရှိ အလယ်တန်းအောင်မြင်ပြီးသူများသည် အထက်တန်းပညာရေး တက်ရောက်ခွင့်မရခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ကျန်းမာရေးပြဿနာများ လွန်စွာ ဒုက္ခရောက်နေကြပါသည်။
ကင်မွန်းတော်ရွာမှ PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ (၃၇) ဦးအနက် (၁၂)ဦးသာ နိုင်ငံတော်၏ ကူညီထောက်ပံ့မှုကို ရရှိထားပြီး ကျန်(၂၅)ဦးမှာ အကူအညီ အထောက်အပံ့ ခုချိန်ထိ မရသေးပါ။
အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများအနေဖြင့် အားကိုးရာမှာ တပ်မတော်မှ တပါး အခြားမရှိတော့ပါ။ ရွာသူရွာသားများအနေဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူ အဆင့်ဆင့် နှင့် ပူးပေါင်းဆောင်ရွက်ရန် အစဉ်အမြဲအလေးထားပါသည်။ အကြမ်းဖက်သမားများသည် မည်သူ့ကိုမဆို ရန်ပြုစော်ကား သတ်ဖြတ်ရန် ဝန်မလေးသည့် အခြေအနေဖြစ်ပါသည်။
အုပ်ချုပ်ရေးတာဝန်ရှိသူများကို ရန်ပြုနိုင်သကဲ့သို့ ကျွန်တော်တို့ ရွာသူရွာသားများကိုလည်း အမြဲတမ်း ပစ်မှတ်ထားနေသူများ ဖြစ်ပါသည်။ အုပ်ချုပ်ရေးတာဝန်ရှိသူများမှာ ခုခံကာကွယ် တားဆီးရန် လုံလောက်သော အကာအကွယ်ရှိပါသည်။ ကျွန်တော်တို့ ပြည်သူများမှာ လိုအပ်ချက်များစွာ ရှိနေပြီး စားဝတ်နေရေးအတွက် အသက်ဘေးအန္တရာယ်ကြားမှ ရုန်းကန်နေရသည်ကို စာနာနားလည်ပေးနိုင်ပါရန် အထူးမေတ္တာရပ်ခံ တင်ပြလိုပါသည်။
အချုပ်အားဖြင့် ချောင်းဦး-အမြင့်လမ်းအား တာဝန်ရှိသူများအနေဖြင့် သွားလာရေးအဆင်ပြေချောမွေ့အောင် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment