မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) နှင့် ကွန်ပျူတာတက္ကသိုလ်(မကွေး)သို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများ သင်ကြားသင်ယူ နေမှုအား ကြည့်ရှုအားပေး၊ မကွေးမြို့အသေးစားစက်မှုဇုံ တည်ထောင်ရေး လျာထားတည်နေရာအား ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) နှင့် ကွန်ပျူတာတက္ကသိုလ်(မကွေး)သို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများ သင်ကြားသင်ယူ နေမှုအား ကြည့်ရှုအားပေး၊ မကွေးမြို့အသေးစားစက်မှုဇုံ တည်ထောင်ရေး လျာထားတည်နေရာအား ကြည့်ရှု


MNP ၊ ဇွန် ၂၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် နှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၅) စက်မှု သင်တန်းကျောင်း (မကွေး) နှင့် ကွန်ပျူတာတက္ကသိုလ်(မကွေး)သို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူ များ သင်ကြားသင်ယူနေမှုအား ကြည့်ရှုအားပေးကာ၊ မကွေးမြို့ အသေးစားစက်မှုဇုံ တည်ထောင်ရေး လျာထားတည်နေရာအား ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး) သို့ ရောက်ရှိပြီး သင်တန်းကျောင်း ရှင်းလင်းဆောင်တွင် ကျောင်းအုပ်ကြီး ဦးမိုးမင်းထွဋ်က ကောင်းမွန်သော အရင်းအမြစ် များကို ထိရောက်မှုရှိရှိ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် စီမံချက်များအတူတကွ ချမှတ်ရေးဆွဲ၍ စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သတန်းကျောင်းဆိုင်ရာများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းကျောင်းတွင် ကျွမ်းကျင်၍ စွမ်းဆောင်မြင့်မားသော လုပ်သားများ မွေးထုတ်ပေးရာမှာ သင်တန်းနည်းပြဆရာ/ဆရာမများရဲ့ အရည်အချင်းပြည့်ဝရန် လိုအပ်ယုံမျှမက အဖွဲ့အစည်း တစ်ခုလုံး၏ အလုံးစုံပြီးပြည့်စုံသော ရေတို/ ရေရှည်ဗျူဟာများ ရေးဆွဲ ထားရန်နှင့် စီမံခန့်ခွဲနိုင်ဖို့ အတွက် လက်တွေ့အသုံးချ သင်တန်းများသို့ စီမံအုပ်ချုပ်သူများကို တက်ရောက်နိုင်စေရန် အခွင့်အလမ်းလည်း ဖန်တီးပေးရန် လိုအပ်ပါကြောင်း၊ စက်မှုသင်တန်းကျောင်း များ၏ Competitive Advantage မှာ သင်တန်းသားများအား စာတွေ့/ လက်တွေ့ နည်းပညာများကို ကျွမ်းကျင်စွာသင်ယူနိုင်သည့် စက်ပစ္စည်းကရိယာများ နည်းပညာများ ဖြစ်သော်လည်း Attitude ပိုင်းကို လေ့ကျင့်သင်ကြားပေးရန် သင်တန်းနည်းပြဆရာ/ဆရာများ၏ Teching and learning method နှင့် အဖွဲ့အစည်း၏ ကောင်းမွန်သော Culture တစ်ခုကို ဖန်တီးပေးရန်လိုအပ်ပါကြောင်း၊ သင်တန်းကျောင်းများ နည်းပညာနှင့် သင်ကြားရေးအထောက်အကူ ပစ္စည်းများစုသည် မိတ်ဖက်နိုင်ငံ အဖွဲ့အစည်းများ၏ အထောက်အပံ့များဖြစ်သောကြောင့် ကောင်းမွန်သော စဉ်ဆက်မပြတ်သည့် ရေရှည် ဆက်ဆံရေး တည်ဆောက်နိုင်ရန်လည်း အရေးကြီးပါကြောင်း စသည်ဖြင့် မှာကြားဆောင်ရွက်ပြီး၊ သင်တန်းသားများ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရေး ဘော်လီဘော၊ ဘောလုံးနှင့်ခြင်းလုံး အားကစားပစ္စည်းများ အား ကျောင်းအုပ်ကြီးထံ ပေးအပ်ခဲ့သည်။


ဆက်လက်၍ အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး)သင်တန်းသား၊ သင်တန်းသူများ၏ သင်ကြား သင်ယူနေမှုအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခေတ်နှင့်လျော်ညီသော နည်းပညာများ သင်ကြားပေးနိုင်ရေး၊ သင်တန်းသား၊ သင်တန်းသူများ လက်ရှိအသုံးပြုနေသော စက်ပစ္စည်းများအပေါ် အခြေခံ၍ ဒေသ၏ လိုအပ်ချက်နှင့် ကိုက်ညီသော နည်းပညာများအား တီထွင် ဆန်းသစ်မှု ပြုလုပ်နိုင်သော အတွေ့အကြုံများကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လေ့လာသင်ယူ စေလိုကြောင်း မှားကြားခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွန်ပျူတားတက္ကသိုလ်(မကွေး)သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်က အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ရောက်ရှိစေရန်အတွက် လိုအပ်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ အသိပညာရှင်၊ အတတ် ပညာရှင်များ မွေးထုတ်ခြင်း၊ ICT နည်းပညာဆိုင်ရာများ တီထွင်ခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ အသုံးချခြင်းများ လက်တွေ့ဆောင်ရွက်နိုင်ပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ICT နည်းပညာရပ်များ တိုးတက်စေရန် ရည်မှန်းချက်များကို ကွန်ပျူတာတက္ကသိုလ်(မကွေး)အနေဖြင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းဆိုင်ရာ လိုအပ်ချက် တင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့အသေးစားစက်မှုဇုံ တည်ထောင်ရေး လျှာထားတည်နေရာသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများမှ အသေးစားစက်မှုဇုံ တည်ထောင်ရေး (၃၈၃) ဧကခန့် လျှာထားဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသေးစားစက်မှုဇုံ တည်ထောင်ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်လာစေပြီး၊ ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိကာ၊ ဒေသနှင့် ဆက်သွယ်ရေး ကုန်စည် ကူးသန်းရောင်းဝယ်မှုကဏ္ဍမှာလည်း တိုးတက်မြင့်မားလာမှာဖြစ် သည့်အတွက် အောင်မြင်အောင် ဖော်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုံဖော်ဆောင်ရေးလုပ်ငန်း လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


သတင်း - မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)