“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံမှုရရှိကြစေရန် ဆီနေကြာသီးနှံ (၃၅)ဧက စိုက်ပျိုးရန် လျာထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံမှုရရှိကြစေရန် ဆီနေကြာသီးနှံ (၃၅)ဧက စိုက်ပျိုးရန် လျာထား


MNP - ဇွန်  ၂၁


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဉီးစီးဌာနမှ တောင်သူများဝင်ငွေတိုးတက်ရရှိစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံမှုရရှိကြစေရန် တို့ကို ရည်ရွယ်၍ ဆီ နေကြာသီးနှံ ရေဆင်း(၁) စပ်မျိုးနေကြာမျိုးဖြင့် စိုက်ပျိုးခြင်းကို (၃၅)ဧက လျာထားကြောင်း  သိရသည်။


“ကျွန်တော်တို့ စိုက်ပျိုးရေးဉီးစီးဌာနမှ ဟိုပန်မြို့နယ်မှာ တောင်သူများ ဆီဖူလုံစေရေးနှင့် ဝင်ငွေများတိုးတက်မှုရစေရန်အတွက် ဆီနေကြာသီးနှံ နွေ၊မိုး၊ဆောင်း ရေဆင်းစပ်မျိုး(၁) နေကြာစိုက်စနစ် နည်းပညာဖြင့် မေလ တတိယအပတ်မှစတင်ပြီး လက်တွေ့ကွင်းဆင်း  စိုက်ပျိုးပေးလျက်ရှိပါတယ်၊ ယနေ့မှာ ကျွန်တော်တို့ စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူ ဦးအိုက်ကျိုင်း နမ့်လျန်ကွင်းအမှတ်(၃) စံပြကွက်တွင် စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထားရှိပြီး (၂၉)ရက်သားတွင် ဒုတိယအကြိမ် ပေါင်းရှင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ မြေဘောင်လုံးခြင်းများနှင့် အပင်ပြုစုခြင်းများကို  ကူညီဆောင်ရွက်ပေးနေပါတယ်၊ အခုစိုက် ပျိုးတဲ့ ဆီနေကြာဟာ ဒေသမှာရှိတဲ့နေကြာထက် အထွက်နှုန်းကောင်းပြီး တစ်ဧကကို တင်း(၃၀)ထွက်ကာ တစ်တင်းကို ဆီ(၅)ပိသာ ထွက်ရှိမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ဒေသတွင်း စာသုံးဆီ ဖူလုံရေးအတွက် ခရိုင်ဉီးစီးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်” ဟု ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဉီးစီးဌာန မှ မြို့နယ်ဉီးစီးမှူး ဉီးချိုလေးက ပြောကြားသည်။


“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနမှ   တောင်သူများအား ဆီနေကြာသီးနှံ စိုက်စနစ် နည်းပညာပေးဟောပြောခြင်း၊ မိုးနေကြာ ရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့များနှင့် ဓာတ်မြေဩဇာ ထောက်ပံ့ပေးခြင်းများ၊ လက်တွေ့ ကွင်းဆင်းစိုက်ပျိုးပေးလျက်ရှိကြောင်းနှင့် ဆီနေကြာ(၃၅)ဧက လျာထားရာမှ  ယနေ့အထိ ဆီနေကြာသီးနှံ(၆)ဧကနှင့် နေကြာသီးညှပ်(၁၀)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဉီးလှမိုးကျော်ထံမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)