မြေပုံမြို့နယ်အတွင်း အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်အတွင်း အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိ





MNP ၊ ဇွန်  ၂ 

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့၌ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှအသက် (၁၂)နှစ်အတွင်းရှိ  ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အထက(သဲတန်း)နှင့်အမက(တရုတ်တန်း)ဆေးထိုးစုရပ် တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် လမ်းညွန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးဆောင်ကာ မြို့နယ်ပညာရေးမှူးကြီးကြပ်မှုဖြင့် ပညာရေးဝန်ထမ်း များက ကျောင်းသား/သူများအား အမည်စာရင်းရေးသွင်းခြင်း ၊ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာသော ကျောင်းသား/ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာခြင်း ၊ သွေးပေါင်ချိန်တိုင်းတာခြင်း ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး ပုံမှန်အခြေအနေရှိမှသာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေပြီးမှပြန် လည် သွားခွင့်ပြုခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာသော ကျောင်းသား/ကျောင်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူမှုရေးအသင်းအဖွဲ့များ က လိုအပ်သည်များကိုကူညီလုပ် ကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သတင်း  -  တင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)